Gender Based Violence TOT for Deaf Community Leaders

November 13, 2018

GEN ၏ ပံ့ပိုးမှုဖြင့် ကျား၊ မ ရေးရာအပေါ် အခြေခံသည့် အကြမ်းဖက်မှုဆိုင်ရာ ဆရာ ဖြစ် သင်တန်းတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒိုရှိ စကားဝါ ခန်းမ ၌ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး ဆရာမဒေါ်နန်းဖြူဖြူလင်းက GBV အကြောင်း သိကောင်းစရာများကို ဆွေးနွေးသင်ကြားပေးခဲ့ပါသည်။ အဆိုပါ ဆရာဖြစ်သင်တန်းသို့ ရန်ကုန်၊ မန္တလေး၊ ကလေး တို့မှ နားမကြားကျောင်းများမှ ဆရာ/မများ၊ နားမကြားအဖွဲ့အစည်းများမှ ခေါင်းဆောင်များ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၆ ဦး တက်ရောက်ခဲ့ပါသည်။